နေပြည်တော် မေ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပြစ်ခတ်ခဲ့မှုကြောင့် အပစ်မဲ့အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ကွက်သစ်(၃)လမ်းတွင် နေထိုင်သူ ဦးဖိုးကျား(ဘ)ဦးမောင်နိုင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မြတ်ထွေး(ဘ)ဦးမြင့်ဦးတို့သည် မော်တော်ဆိုင်ကယ်ဖြင့် မြို့တွင်းသို့သွားရောက်ရန်ပြင်ဆင်နေစဉ် ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တောင်ကြားကျေးရွာဘက်မှ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ၎င်းတို့၏ နေအိမ်ရှေ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ရုပ်အလောင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment