နေပြည်တော် မေ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများမှ မူကြိုနှင့် KG+9 အထိ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၆) ရှိ ရတနာခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်အမှာစကား ပြောကြားသည်။
ပညာအမွေပေးကြရန်လို
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းနေအရွယ်ကလေးများအားလုံး အနည်းဆုံး KG+9 အထိ အခြေခံပညာသင်ယူခွင့်ရရှိရေးအတွက် မိဘများကိုယ်တိုင်ကြိုးစား၍ ပညာအမွေပေးကြရန်လိုကြောင်း၊ ပညာသင်ယူတတ်မြောက်မှသာ အသိပညာ၊ ဗဟုသုတပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန် ပိုင်းခြားနိုင်သော အသိဉာဏ်ပညာရှိမည်ဖြစ်ပါ ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသောကြောင့် သားငယ် သမီးငယ် များက ပညာရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်တပ်တစ်အားပါဝင်ကြရန် ဖြစ်ပါကြောင်း၊ သားငယ်/သမီးငယ်များ၏ ကြိုးစားမှုရလဒ်များသည် မိဘများ၏ဂုဏ်သိက္ခာများပင် ဖြစ်ပါကြောင်း၊ ကျောင်းပညာရပ်များကို ထူးချွန်အောင်ကြိုးစား သင်ယူသည့်အပြင် နိုင်ငံတော်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း လေ့လာသိရှိကြရန်လိုအပ်ပါကြောင်း၊ ဘဝ၏ အောင်မြင်မှုပန်းတိုင်များကို မိမိ၏ကိုယ်ပိုင်ဉာဏ်နှင့် ဆင်ခြင်သုံးသပ်ကာ မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဖြစ် ပါကြောင်းနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ကိုအလုပ်အကျွေးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေလိုကြောင်း မှာကြားသည်။
ထောက်ပံ့ကြေးများပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သားငယ်သမီးငယ်များကို ပညာသင်ထောက်ပံ့ကြေးများပေးအပ်သည်။
စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူကြို နှင့် KG+9 အထိပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၁၃၀ အတွက် ပညာသင် ထောက်ပံ့ကြေးငွေကျပ် ၄၄၀၃၀၀၀၀ (ငွေကျပ် လေးဆယ့်လေးသန်းသုံးသောင်း တိတိ) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment