Monday, May 8, 2023

FIFA -MFF U-15 YOUTH LEAGUE 2023 ပြိုင်ပွဲဝင် ရှမ်းတောင်ကိုယ်စားပြု SHAN FC (SOUTHERN) အသင်းအား မတည်ငွေပေးအပ်

တောင်ကြီး မေ ၈

FIFA- MFF U-15 YOUTH LEAGUE 2023 ပြိုင်ပွဲဝင် ရှမ်းတောင်ကိုယ်စားပြု SHAN FC (SOUTHERN) အသင်းအား မတည်ငွေပေးအပ်ပွဲကို မေ (၆) ရက် မွန်းလွဲ (၁) နာရီက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ခန်းမ၌ ကျင်းပသည်။

 



 


ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နေရာအလိုက်ကစားနိုင်မည့် အားကစားသမားများရှိရန်နှင့် နေရာအလိုက် အရံကစားသမားများရှိရန်လိုကြောင်း၊ ရှမ်းပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားအနေဖြင့် အားကစားစိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကစားကြရန် မှာကြားလိုကြောင်း၊ ယှဥ်ပြိုင်မှုသည်အဓိကဖြစ်၍ ကြိုးစားကြရန်၊ တရားသောအောင်မြင်နှင့် ယှဉ်ပြိုင်ကြရန် ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်မည့် ရှမ်းတောင်ကိုယ်စားပြု SHAN FC (SOUTHERN) အသင်းမှ အားကစားသမား တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ FIFA -MFF U 15 YOUTH  LEAGUE 2023 ပြိုင်ပွဲဝင် ရှမ်းတောင်ကိုယ်စားပြု SHAN FC (SOUTHERN) အသင်းအားမတည်ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ အသင်းအုပ်ချုပ်သူနှင့် နည်းပြများမှလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့များက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ ဘောလုံးကစားကွင်းနှင့် ရေကူးကန်တို့ကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး) 

No comments:

Post a Comment