Monday, May 8, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

 



နေပြည်တော် မေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး()မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က  ကန်တော်မင်္ဂလာရှမ်းကန်အတွင်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များကိုမှာကြားပြီး ကန်တော်မင်္ဂလာရှမ်းကန်၏ လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူ ခဲ့သည်။

ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများမှာ ကျင်းပေါင်း ၅၀၀၀ လျာထားသည့်အနက်မှ မေလ ၆ ရက်နေ့ အထိ သဲနုန်းကျင်း ၁၅၇၀ ကျင်း တူးဖော်ပြီးစီး၍ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၀  ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးခန်း၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု၊ နေပြည်တော်ကောင်စီရုံး၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ အဖွဲ့အနေဖြင့် သက်ဆိုင်သည့် နယ်မြေအလိုက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ မိုးလေဝသနှင့် ပတ်သက်သည့်ကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သဘာ၀ဘေးအန္တရာယ် များသည် မမျှော်လင့်သည့်အချိန်တွင် ရုတ်တရက် ပေါ်ပေါက်လာတတ်သည့် သဘောသဘာဝရှိ ပါကြောင်း၊ ဘေးအန္တရာယ်တွေကို ဖြစ်လာမှ ရင်ဆိုင်တုံ့ပြန်တာထက် ဘေးမဖြစ်ခင် ကြိုတင် ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်ပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမှ လျော့နည်းသက်သာစွာ ရင်ဆိုင်တုံ့ပြန် နိုင်ရန်နှင့် စနစ်တကျစီမံခန့်ခွဲနိုင်ရန် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊  တက်ရောက်လာကြ သည့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)

No comments:

Post a Comment