နေပြည်တော် မေ ၁၅
မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ ကျင်းပခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်မှု မြှင့်တင်ရေးနှင့် နယ်စပ် ဝင်/ထွက် ဂိတ်များ မှတစ်ဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကိစ္စ၊ ကုန်သွယ်ရေးတွင် ယွမ်-ကျပ် တိုက်ရိုက် သုံးစွဲမှုမြှင့်တင်ရေးကိစ္စ၊ မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment