မင်းဘူး မေ ၂၂
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ မြန်မာနိုင်ငံ၏လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည်
ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရပါကြောင်း၊
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏ စီးပွားရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏
စီးပွားရေးလည်း ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတောင်သူများ၏
စီးပွားရေးအဆင်ပြေမှသာ မိမိတို့ ဒေသလည်း ဖွံ့ဖြိုးတက်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့်
နိုင်ငံဖြစ်သည့်အတွက် ဒေသခံ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်နှင့်
စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး
ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ မကွေးတိုင်းဒေသကြီးအတွက်
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ငွေကျပ် (၁၀)ဘီလျှံကို ထုတ်ပေး
ထားပြီးဖြစ်သောကြောင့် ဒေသခံတောင်သူများကို အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် စိုက်ပျိုးရေး၊
မွေးမြူရေးကဏ္ဍနှင့် လုပ်ငန်းအမျိုးအစားအလိုက် အတိုးသက်သာသောနှုန်းထားဖြင့်
ထုတ်ချေးပေး သွာမှာဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများကလည်း စိုက်ပျိုးရေးကဏ္ဍ
တိုးတက်အောင် သီးထပ်၊ သီညှပ်အပြင် တစ်နှစ်ကို အနည်းဆုံး နှစ်သီးမှ သုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး
ကြိုးစားဆောင်ရွက် သွားရန်
လိုအပ်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးအောင်မြင်၊ အတွင်းရေးမှူး ဦးအောင်မျိုးနိုင်နှင့် အဖွဲ့ဝင် ဦးဇော်လင်းတို့မှ မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများစိုက်ပျိုးသွားမည့် အခြေအနေများနှင့် စာရင်းဇယား ကိန်းဂဏန်း အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးဧရိယာ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧက တိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးကို အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းဆပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)
No comments:
Post a Comment