နေပြည်တော် မေ ၁၇
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ယနေ့တွင်
စစ်တွေမြို့သို့ရောက်ရှိနေသော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်
ဘူးသီးတောင်မြို့နယ်တို့ရှိ မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းမည့် ဆန်အိတ်များ၊
ဆီပုံးများ၊ ဆားနှင့်စားသောက် ကုန်ပစ္စည်းများ၊ ရေသန့်စက်၊ သောက်ရေသန့်ဘူးများနှင့်
ဆက်သွယ်ရေးဖုန်းလိုင်းများ ပြန်လည်ကောင်းမွန်လာစေရန် ပြုပြင်တပ်ဆင်ဆောင်ရွက်မည့် ဆက်သွယ်ရေးစက်ကိရိယာပစ္စည်းများကို
စစ်တွေသင်္ဘောဆိပ်သို့ တပ်မတော်မော်တော်ယာဉ်များဖြင့်သယ်ယူ၍ အဆိုပါမြို့နယ်များသို့
ဆက်လက်ပို့ဆောင်ရန် စက်လှေများပေါ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ
နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သယ်ယူပို့ဆောင်ပေးကြသည်။
ထိုသို့ဆောင်ရွက်နေမှုများကို
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့်
တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အပြင်
မုန်တိုင်းသင့်ပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ အသုံးပြု သောက်သုံးနိုင်ရေးအတွက်
စစ်တွေမြို့မေယုလမ်းမကြီးတွင် တပ်မတော်ရေသန့်စက် မော်တော်ယာဉ်များဖြင့် သောက်ရေသန့်များ
ထုတ်လုပ်ပေးဝေလှူဒါန်းလျက်ရှိရာ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တိုင်းမှူးတို့ကသွားရောက်ကြည့်ရှုပြီး
ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ သောက်သုံးရေလုံလောက်စွာ
ဖြန့်ဝေပေးနိုင်ရေးအတွက် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment