မော်လမြိုင် မေ ၂၂
၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းဘောလုံးပြိုင်ပွဲကို မေလ ၂၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဘောလုံးအသင်းများမှ ချစ်ကြည်ရေးအလံ လဲလှယ်ခဲ့ကြပြီး အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ အားပေးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးအသင်း ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းမှ ကရင်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကာ ချစ်ကြည်ရေးခြေစမ်းဘောလုံးအားကစား ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်ဆက်
No comments:
Post a Comment