စစ်တွေ မေ ၁၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည် ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
“အများပြည်သူနှင့်
သက်ဆိုင် သည့် အဆောက်အဦများကို အမြန်ဆုံးဦးစားပေးပြန်လည်ပြုပြင်ဆောင်ရွက်ရန်” ဆိုသည့်
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆေးရုံရှိပျက်စီးသွားသောအမိုးများအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက
ပြန်လည်ပြင်ဆင်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက
လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့အတူ သမဝါယမနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် ဆေးရုံကြီး၏ ရေရရှိမှုအခြေအနေများကိုလည်း
လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံဝင်းအတွင်းရှိ ဆေးသိုလှောင်ရုံအတွင်း ဆေးနှင့်ဆေးပစ္စည်းများ
ပျက်စီးဆုံးရှုံးမှုမရှိအောင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လူနာများအဆင်ပြေချောမွေ့စွာ
ဆေးကုသမှုခံယူနိုင်အောင် ဆောင်ရွက်ထားရှိ မှုကိုလည်းကောင်း၊ အရန်မီးသတ်တပ်ဖွဲ့များနှင့်
ဆေးရုံဝန်ထမ်းများ ပူးပေါင်းကာ သစ်ပင်ချုံနွယ်များနှင့် အမှိုက်များရှင်းလင်းနေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
စစ်တွေ
ပြည်သူ့ဆေးရုံကြီးသည် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု
နှင့်အညီ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိသည့်အတွက် မုန်တိုင်းကျရောက်စဉ်နှင့်ကျရောက်ပြီး
အချိန်များတွင်ဆေးကုသမှု လုပ်ငန်းများ ရပ်ဆိုင်းမသွားဘဲ (၂၄) နာရီပတ်လုံး ခွဲစိတ်ကုသမှုများအပါအဝင်
ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ
ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် မုန်တိုင်းကျရောက် ခဲ့သည့် ဒေသများဖြစ်သည့် စစ်တွေမြို့ပေါ်၊
မြို့နယ်များနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူ လူထု ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေး
ကြိုတင်ကာကွယ်သည့်အနေဖြင့် သောက်သုံးရေပေးဝေသည့် ရေတွင်း ရေကန်များကို ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို
ယမန်နေ့က ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်ပါ ဆက်လက်ဆောင်ရွက်နိုင်ရန်
ညွှန်ကြားဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍
ရသေ့တောင် မြို့နယ်ရှိပျက်စီးသွားသည့် ဆေးရုံအဆောက်အဦများ
ပြန်လည်ပြင်ဆင်နိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ
ဆေးအဖွဲ့တစ်ဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှထောက်ပံ့သည့် ရေသန့်များ၊ ဆေးနှင့်ဆေးပစ္စည်းများနှင့်အတူ
ယနေ့တွင် ရသေ့တောင်မြို့နယ်သို့ ထွက်ခွာသွားကြသည်။ ထို့အတူ မောင်တောမြို့နယ်ရှိ ကျောက်ပန္ဒူ၊
မြိုယု၊ အင်းဒင်ရွာ များသို့ လိုအပ်သည့် ရေသန့်၊ ဆေး နှင့် ဆေးပစ္စည်းများ၊ ကလိုရင်း
ဆေးမှုန့်များပို့ဆောင်ပေးခဲ့ပြီး စစ်တွေမြို့ရှိ သက္ကယ်ပြင်ကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများက
ဆေးခန်းများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး
ပျက်စီးသွားသည့်တိုက်နယ်ဆေးရုံ အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင် ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
သတင်းစဉ်

No comments:
Post a Comment