ဟိုပန် မေ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဦးရန်ကျော်သည် ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊
ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊
ရှေ့တန်းအမှတ် (၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
နှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊
ရပ်မိရပ်ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့
သည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဦးရန်ကျော်က မိမိအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် (ပညာရေး၊ ကျန်းမာရေး၊
လူစွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ)၌ အဖွဲ့ဝင်အဖြစ်ပါဝင်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်
ကျောင်းအပ်နှံ ရေးရာသီတွင် ကျောင်းနေအရွယ် ကလေးငယ်များမကျန်ရှိစေရေး၊ ပညာသင်နှစ်အစ
ပိုင်းတွင် မိဘများအခက်အခဲမရှိစေဘဲ သားသမီးများကို ကျောင်းအပ်နှံနိုင်ရေးအတွက်
ပညာရေး
ဝန်ကြီးဌာနမှ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ် ပြဌာန်းဖတ်စာအုပ်
တို့ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်
တန်းဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ပေးလျက်ရှိပါ
ကြောင်း၊ ဟိုပန်မြို့နယ်တွင်းရှိ စာသင်ကျောင်းများတွင် ရေ၊ သန့်စင်ခန်းနှင့် ကျောင်းသုံးပစ္စည်း
လိုအပ်ချက်များကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့်
တင်ပြသွားရန်၊
ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ
အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက အုပ်ချုပ်ရေး၊
စီးပွားရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး
ဦးအောင်မိုးက ပညာရေးကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ
ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပညာရေးကဏ္ဍအတွက် ထောက်ပံ့ငွေ (၁၀)သိန်းကျပ်ကို ပေးအပ်ရာ မြို့နယ်ပညာရေမှူးက လက်ခံရယူခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားတက်ရောက်လာသူများကို ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် အထကခွဲ (ရွှေဝါ)နှင့် အထက(ဟိုပန်)သို့ ရောက်ရှိပြီး ကျောင်းအပ်နှံမှုအခြေအနေများကို ကြည့်ရှုအားပေးကာ ပညာရေးဌာနမှ တာဝန်ရှိသူများကို တွေ့ဆုံပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့မှတဖန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ဟိုပန်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အောက်ဆီဂျင်စက်ရုံနှင့် isolation ward ဆောက်လုပ်မည့်နေရာတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခြင်း၊ ကျန်းမာရေးဌာန၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment