Thursday, May 11, 2023

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌဟောင်းအား လက်ခံတွေ့ဆုံ

 


နေပြည်တော် မေ ၁၀

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Corre-spondent Club of Japan-FCCJ) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.KHALDON AZHARI အား ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် နိုင်ငံတကာမီဒီယာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment