Thursday, May 4, 2023

နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တော်အား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

 



နေပြည်တော် မေ ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော် မြတ်ကြီးပရိဝုဏ်တော် အရှေ့ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၃)ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် စေတီတော်မြတ် ကြီးပရိဝုဏ်အတွင်း၌ ကျင်းပရာ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်၏ဇနီး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများနှင့် ဇနီးများ၊ ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားမှူးက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိရုက္ခသိဉ္ဇနပူဇာဂါထာတော်ကို ဖတ်ကြားပူဇော်သည်။

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်၏ဇနီး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများနှင့်ဇနီးများ၊ ဧည့်သည်တော်များက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ယင်းနောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြားအမျှပေးဝေပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment