Thursday, May 4, 2023

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)အား ကြည့်ရှုစစ်ဆေး

 



နေပြည်တော် မေ ၃

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ အမှတ်() အကြီးစားစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးတို့နှင့်အတူ ဧပြီ ၂၉ ရက် နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်() သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး သံရည်ကျို အလုပ်ရုံအမှတ်()၊ သံရည်ကျိုအလုပ်ရုံအမှတ်()၊ အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံနှင့် စက်ပစ္စည်း ကိရိယာများအား အမိုးအကာအောက်သို့ ရွှေ့ပြောင်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သံရည်ကျိုလုပ်ငန်းများတွင် ပြန်လည် အသုံးပြုနိုင်ရန်အတွက် ခြောက်မီတာအောက်ရှိ Billet များကို လုံအိုးအတွင်း ဝင်ဆံ့မှုရှိအောင် ဖြတ်တောက်ထားရန်၊ သံရည်ကျိုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် မည့် စက်အရန်ပစ္စည်းများကို ကြိုတင်ဖြည့်ဆည်းထားရန်၊ သံရည်ကျိုလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်ရုံအသီးသီးရှိ စက်ပစ္စည်းများကိုလည်း အမြဲမပြတ်စစ်ဆေးရန်၊ သံရည်ကျိုလုပ်ငန်းများအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် သတ်မှတ်ဝတ်စုံ အပြည့်အစုံဝတ်ဆင်ကြရန်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားရန်၊ လျှပ်စစ်ကြောင့် မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးအတွက် စက်ရုံအတွင်း သွယ်တန်းထားရှိသည့် ဝါယာကြိုးများ စနစ်တကျ တပ်ဆင်ထားမှု ရှိ၊ မရှိနှင့် ဘေးအန္တရာယ်ကင်းရှင်း စွာဖြင့် အသုံးပြုနိုင်ခြင်း ရှိ/မရှိ တို့ကို စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးပေးရန်၊ စက်ရုံအတွင်းရှိ မီးလောင်ရန်လွယ်ကူသည့် အမှိုက်၊ ခြုံနွယ်များကို ရှင်းလင်းထားရန်၊ မီးဘေးစီမံချက်များ ရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်ထားရန်နှင့် မီးငြှိမ်း သတ်ရေးအထောက်အကူပစ္စည်းများအား ပြည့်စုံ အောင် ဖြည့်ဆည်းထားရန်။

တာဝန်ရှိသူများအနေဖြင့် သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်စဉ် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက လျင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုတင်မြော်တွေး၍ စီမံဆောင်ရွက်ထားရန်၊ အမိုးအကာအောက်သို့ ရွှေ့ပြောင်းထားရှိသည့် စက်ပစ္စည်းများနှင့်ပတ်သက်၍ စနစ်တကျမှတ်တမ်းထားရှိ ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံမဏိထုတ်လုပ်သည့် လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ စီမံကိန်း လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ရန်၊ ထို့ပြင် သံမဏိထုတ်လုပ်သည့် နည်းစဉ်များကိုလည်း ကျေညက်အောင်လေ့လာ၍ အချင်းချင်းမျှဝေရန်၊ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် မိမိကိုင်တွယ်မောင်းနှင် ရသည့်စက်ပစ္စည်းများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ်လေ့လာသင်ယူ သွားကြရန်နှင့် အပူချိန်များ မြင့်တက်နေသဖြင့် ကျန်းမာရေးအသိသတိဖြင့် ရောဂါများမဖြစ်ပွားစေရေး ဂရုတစိုက်နေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment