Saturday, May 20, 2023

ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော အခြေခံ စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

 

နေပြည်တော် မေ ၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်ခံရသည့် လေဘေးသင့်ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကိုယနေ့မွန်းလွဲပိုင်းတွင် အမ်းမြို့ရှိရွှေအမ်းတောင်ခန်းမ၌ ပြုလုပ်ရာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်မင်း၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံရသည့် လေဘေးသင့် ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထောက်ပံ့ ပေးငွေမှ သွားလာမှုလွယ်ကူသော ရပ်ကွက်/ ကျေးရွာအုပ်စု ၅ စုတို့အား လူတစ်ဦးတစ်ရက်လျှင် ဆန် ၂ ဘူးနှုန်းဖြင့် ၅ ရက်စာအတွက်လည်းကောင်း၊ လူတစ်ဦး တစ်ရက်လျှင် ဆီ ၁ ကျပ်သားနှုန်းဖြင့် ၅ ရက်စာအတွက်လည်းကောင်း၊ အိမ်ထောင်စုတစ်စုလျှင် ဆား ၂ ထုပ်နှုန်းဖြင့်လည်းကောင်း၊အိမ်ထောင်စုတစ်စုလျှင် ငါးပိ ၁၅ ကျပ်သားနှုန်းဖြင့်လည်းကောင်း စုစုပေါင်း ဆန် ၁၃၂ အိတ်၊ ဆီ ၆၇ ပိဿာ၊ ဆား ၈၁၆ ထုပ်၊ ငါးပိ ၉၁ ပိဿာတို့အား ထောက်ပံ့ပေးအပ်ရာ လေဘေးသင့်ကျေးရွာအုပ်စုများမှတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment