Tuesday, May 30, 2023

အသိပေး နှိုးဆော်ပန်ကြားခြင်း

၁။        နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။

၂။         ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော် အဆင့်နှင့် လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အောက်ဖော်ပြပါ လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူပြည်သူများအနေဖြင့် ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့တွင်လည်းကောင်း၊ ပင့်ဆောင်ရာ လမ်းကြောင်းတစ်လျှောက် လမ်း၏ ဘေးဘယ်ညာတွင်လည်းကောင်း လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည် -

(က)     ၃၉ လမ်း မှ ၇၃ လမ်းအတိုင်း

(ခ)       ၇၃ လမ်း မှ ၃၈ လမ်းအတိုင်း

(ဂ)       ၃၈ လမ်း မှ ၇၈ လမ်းအတိုင်း

(ဃ)     ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်း

၃။        ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အတွက် ရဟန်းရှင်လူပြည်သူများမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျလှူဒါန်းလိုပါက ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် အောက်ပါပုဂ္ဂိုလ်များထံသို့လည်း ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည် -

(က)     ဒေါ်မော်လီစန်း ဖုန်းနံပါတ်- ၀၉-၄၄၁၀၁၉၂၈၃

(ခ)       ဦးစိုးမိုးသိမ်း      ဖုန်းနံပါတ်- ၀၉-၉၇၀၈၂၃၆၈၈

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ

No comments:

Post a Comment