နေပြည်တော် မေ၂၇
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ အားစုဖွဲ့စေလွှတ်၍လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များကလှူဒါန်းသည့်စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း
သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်
ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်
စားသောက်ဖွယ်ရာများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ
စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း
သိရသည်။
ထိုသို့ပို့ဆောင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လာရောက်အားပေးစကားပြောကြားပြီး
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ကြသည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသော
ပစ္စည်းများကိုတာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်းနှင့် သက်ဆိုင်ရာသို့ဆက်လက်ဖြန့်ဝေ
သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment