Tuesday, May 30, 2023

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ရှိ နယ်မြေခံရေတပ်စခန်းများ ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း

နေပြည်တော် မေ ၂၉

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နယ်မြေခံတပ်ဌာနချုပ်များအား လှည့်လည်ကြည့်ရှုပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးတာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ်မှူးများအားတွေ့ဆုံပြီး ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ စနစ်တကျ သယ်ယူပို့ဆောင်ရေးနှင့် အမြန်ဖြန့်ခွဲရေးတို့အတွက် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ကျောက်ဖြူမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး တပ်မတော်(ရေ)စစ်ရေယာဉ်ဖြင့် သံဇစ်မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှု၍ နယ်မြေခံရေတပ် အခြေစိုက်စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အားပေးစကား ပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment