နေပြည်တော် မေ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ကုန်များကို မေ ၁၂ ရက်တွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အဆိုပါပစ္စည်းများကို ရွှေလီမြို့မှတစ်ဆင့် မူဆယ်မြို့ မန့်ဝိန်းဂိတ်၌ တာဝန်ရှိသူများက လက်ခံရရှိသည်။
အဆိုပါ လှူဒါန်းသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများတွင် ယားနာပျောက်ဆေးဘူး ၄၀၀၊ တရုတ်အားဆေးဘူး ၄၀၀၊ လိမ်းဆေးဘူး ၂၅၀၊ အကိုက်အခဲ ပျောက်ဆေးဘူး ၂၀၀၊ အဖျားပျောက်ဆေးဘူး ၂၄၀၊ ကယ်ဆယ်ရေးအရေးပေါ်အိတ် ၅၀၊ Nongfu Mineral Water ကတ် ၆၀၀၊ ကြက်မှို ခေါက်ဆွဲအထုပ် ၄၀၀ နှင့် အရေးပေါ်ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၂၀ ပါဝင်ပြီး စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ တစ်သိန်းခန့်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment