နေပြည်တော် မေ ၁၇
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင် ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိကြသည်။
အဆိုပါ
ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များတွင် ဌာနချုပ်မှရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ သန္ဓေ၊ အရန်၊ ပရဟိတများ ပါဝင်သည့်တပ်ဖွဲ့ဝင်ဦးရေ
၄၁၈ ဦးသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များသို့သွားရောက်၍
ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့တွင်စစ်တွေမြို့
ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်းစဉ်
.jpg)
.jpg)
No comments:
Post a Comment