၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့်နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
၂။ မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 သည်
မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့်
အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်-
(က)မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊
အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့်ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှတစ်ဆင့်ဖြစ်စေ
ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်။
(ခ) ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင်
ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့်
လှူဒါန်းနိုင်ပါသည်။
(ဂ) K Pay ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၃၃၊ ၀၉-၂၅၅၀၀၁၅၃၄ တို့သို့လည်းကောင်း၊
Wave Money ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏
ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၄၂၊ ၀၉-၂၅၅၀၀၁၅၄၃ တို့သို့ လည်းကောင်း လှူဒါန်းနိုင်ပါသည်။
၃။ နိုင်ငံခြားငွေစာရင်းအမှတ် (1DA-0300086) သည်
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့်
အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက် နိုင်ပါသည်-
(က) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊
ယူရို၊ စင်ကာပူဒေါ်လာ ငွေသား တို့ဖြင့် တိုက်ရိုက်ပေးသွင်း
လှူဒါန်းနိုင်ပါသည်။
(ခ) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင်
နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။
(ဂ) ပြည်တွင်း/ ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-
-SWIFT
CODE /BIC -MFTBMMMY
-Beneficiary
Name - Natural Disaster Management
Fund
-Beneficiary
A/C No -1DA-0300086 သို့ လှူဒါန်းနိုင်ပါသည်။
၄။ ထို့အပြင် အခြားသောအီလက်ထရောနစ်ငွေပေးချေမှုစနစ်နှင့်
မိုဘိုင်းငွေပေးချေမှု စနစ်များဖြင့်လည်းလှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသဖြင့်
ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ပါသည်။
၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့
ဆက်သွယ်မေးမြန်းလှူဒါန်း နိုင်ပါသည်-
No comments:
Post a Comment