Thursday, May 25, 2023

သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ်များပျက်စီးဆုံးရှုံး


နေပြည်တော် မေ ၂၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်၌ ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်မှ ၄ နာရီအထိ တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်း မိုင် ၃၀ ခန့်ဖြင့် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်ကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ လူနေအိမ် ၂၁ လုံးတို့မှာ အမိုးလန်၍ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များကသွားရောက်၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး တာဝန်ရှိသူများက လေဘေးသင့်ဒေသခံပြည်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment