Tuesday, May 30, 2023

ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များ ပေးအပ်လှူဒါန်း

 


နေပြည်တော် မေ ၃၀

ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒစရိယအဘိဓဇ မဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော် ဘဒ္ဒန္တဉာဏိဿရ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်က ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ် ၁၀၀၀၀ ချပ်ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ကလက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment