နေပြည်တော် မေ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၆ ရက်နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့နှင့်ကျောက်တော်မြို့တို့သို့ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ သည် မောင်တောမြို့၊
ဘူးသီးတောင်မြို့နှင့်ဘူးသီးတောင်တပ်နယ်၊ ရသေ့တောင်မြို့နှင့် ရသေ့ တောင်တပ်နယ်၊ ကျောက်တော်မြို့နှင့်
ကျောက်တော်တပ်နယ်တို့တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ဒုတိယ
ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ
သည် အဆိုပါမြို့နယ်များတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ
ထောက်ပံ့သည့်ထောက်ပံ့ငွေ သိန်း ၁၃၀၀ နှင့် ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကို
ပေးအပ်လှူဒါန်းကြသည်။
မုန်တိုင်းဒဏ်ခံရသည့်
ပြည်သူများနှင့်တွေ့ဆုံရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မိမိတို့ လာရောက်ခြင်းမှာ
ရခိုင်ပြည်နယ်အတွင်း မေ ၁၄ ရက်က မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသဖြင့် ပျက်စီး ဆုံးရှုံးမှုများနှင့်
ပြည်သူများ၏ကြုံတွေ့နေရသော အခက်အခဲများကိုသိရှိပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လာခြင်းဖြစ်ကြောင်း၊
ရခိုင် ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရသော အခြေအနေများကို ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်
တောင်ပိုင်းဒေသများသို့ မိမိတို့နှစ်ဖွဲ့ခွဲ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အရေးကြီးလိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည်
မေ
၁၅ ရက်က စစ်တွေမြို့သို့ရောက်လာပြီး မိမိတို့အဖွဲ့အားမုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိပြည်သူများအား
ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးကိစ္စများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ရန်များကို
လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်နယ်အစိုးရတို့အနေဖြင့်
ကူညီထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများကို အလျင်အမြန်ဆောင်ရွက်
လျက်ရှိကြောင်း၊ ရိက္ခာ၊ ဆေးဝါးပစ္စည်းများ၊ ယာယီတဲများနှင့်အမိုး အကာများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊
မုန်တိုင်းမကျမီကတည်းက ကြိုတင်ပို့ဆောင်ထား သည်များရှိသကဲ့သို့ မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစ၍
မော်တော်ယာဉ်၊ ရေယာဉ်၊ တပ်မတော်ရေယာဉ်၊ လေယာဉ်တို့ဖြင့် စဉ်ဆက်မပြတ်ပို့ဆောင်ပေးလျက်ရှိကြောင်း၊
မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ်များ၊ ကျေးရွာ/ ရပ်ကွက်များသို့ ကယ်ဆယ်ရေးပစ္စည်းများ
အမြန်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အကြီး အကဲ၏ လမ်းညွှန်ချက်အရ
မကြာမီ ဖွင့်တော့မည့် အခြေခံ ပညာကျောင်းများ၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများကို
ဦးစားပေး ပြုပြင်ရန်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူသယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊
လျှပ်စစ်မီးရရှိရေးနှင့်သောက်သုံးရေရရှိရေးတို့ကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊
ဒေသခံပြည်သူများတွေ့ကြုံခံစားနေရသည့် အခက်အခဲများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်
ပြည်နယ်အစိုးရအဖွဲ့တို့ကအလေးထား ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့သည်ဌာနဆိုင်ရာ
တာဝန်ရှိသူများလိုက်ပါလျက် ဆိုင်ကလုန်းမုန်တိုင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်
ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြေပုံ၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးမြို့များသို့
တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများ အား တွေ့ဆုံအားပေးစကား
ပြောကြားပြီး ထောက်ပံ့ငွေကျပ် သိန်း ၁၀၀၀၊ ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊
လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာရှိ IDP
စခန်းများနှင့် ပေါက်တောမြို့နယ်တို့တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား
ဝေဟင်မှလှည့်လည် ကြည့်ရှုစစ်ဆေးပြီး မြေပုံမြို့သို့ရောက်ရှိကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်
အဆောက်အအုံ များ၊ ကမ်းနားလမ်း၊ မြို့ပတ်လမ်းနေရာများတွင် ကမ်းထိန်းနံရံနှင့် လမ်းများ
ပျက်စီးခြင်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်
အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍အဖွဲ့ဝင်များသည် တောင်ပေါ်ရပ်ကွက်သို့သွားရောက်၍
ရပ်ကွက်တွင်နေထိုင်လျက်ရှိသည့် ဘင်္ဂါလီလူမျိုး အိမ်ထောင်စုဝင်များအားလည်းကောင်း၊ အငူ
ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ဒေသခံပြည်သူများ အားလည်းကောင်း သွားရောက်
တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ဆား နှင့် စားသောက်ဖွယ်ရာများ၊
ဆေးဝါးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများထောက်ပံ့ပေးအပ် လှူဒါန်းသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကျောက်ဖြူမြို့သို့ရောက်ရှိပြီး ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ
လေမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် သင်တန်းသူအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊
မြို့မိ/မြို့ဖများနှင့်တွေ့ဆုံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မုန်တိုင်းမကျရောက်မီကာလ၌
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု
အခြေအနေများ၊ မုန်တိုင်း ဝင်ရောက်ပြီးနောက်ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍
ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးများနှင့်တိုင်းမှူးတို့က အမှာစကားများပြောကြားကြပြီး
မြို့မိ/ မြို့ဖများ၏ ဒေသကောင်းကျိုးအတွက် အကြံပြု တင်ပြချက်များအပေါ် တာဝန်ရှိသူ များနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ
ထောက်ပံ့ပေးအပ်သည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကျောက်တစ်လုံး IDP စခန်းအား ပြောင်းရွှေ့နေရာချထားသည့်
အေးမြသာယာကျေးရွာသို့သွားရောက်၍ ကျေးရွာတွင်ပြောင်းရွှေ့နေထိုင်လျက်ရှိသော ဘင်္ဂါလီလူမျိုး
မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့်စားသောက်
ဖွယ်ရာများပေးအပ်ကာ ကျေးရွာအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထိုမှတစ်ဆင့်
အဖွဲ့ဝင်များသည် မင်းပြားမြို့နှင့်မြောက်ဦးမြို့တို့သို့ ဆက်လက်သွားရောက်၍ မုန်တိုင်းဒဏ်သင့်
ပြည်သူများအား တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ဆား၊
ပဲနှင့်စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ family kits ပုံးများ ထောက်ပံ့ပေးအပ်လှူဒါန်းကာမြို့တွင်းရှိ
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် စာသင်ကျောင်းများနှင့်
အဆောက်အအုံများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)



No comments:
Post a Comment