Wednesday, May 10, 2023

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

 

မုံရွာ မေ

ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင် တန်းများတက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ သင် တန်းဆင်းပွဲအခမ်းအနားကို မေလ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ) သင်တန်းခန်းမတွင် ကျင်းပရာ ဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးအလုပ်သမား ပပျောက်ရေးအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှသာ ကလေး အလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်သည့် ကလေးလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်မှု၊လက်မှု သင်တန်းစုစု ပေါင်း ၁၁ ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ ၂၆၂ ဦးအား သင်တန်းပို့ချ ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊

မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသနှင့်ကိုက်ညီမှုရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် အခြေခံသင်တန်း ပြီးမြောက်ခဲ့သည့်အတွက် ကျွမ်းကျင် အောင် ဆက်လက်လေ့လာဆည်းပူးပြီး မိမိတို့တတ်မြောက်သည့် အတတ်ပညာဖြင့်သင့်လျော် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကြမှာဖြစ်သည့်အတွက် မိသားစုဝင်ငွေရရှိပြီး ကလေးအလုပ်သမား ပပျောက်ရေးကိုလည်း အထောက်အကူပြုမယ်လို့ ယုံကြည်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း အသက်မွေးဝမ်းကျောင်းသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး ဆက်စပ်ဌာနများအနေ ဖြင့်ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ တွင် ပထမ၊ ဒုတိယဆု ရရှိကြသူများအား စက်ချုပ်စက်များ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းနည်းပြ ဆရာမများထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းခန်းမအတွင်း ပြသထားသော သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသော အဝတ်အထည်များအား လိုက်လံကြည့်ရှုအားပေး ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment