Tuesday, May 30, 2023

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ကျောက်ဖြူမြို့ စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

 


နေပြည်တော် မေ ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းများအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်ရှိ မိသားစုနေအိမ်လိုင်းခန်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများအား ကြည့်ရှုစစ်ဆေးခြင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးခြံသို့သွားရောက်ပြီး ငါးမွေးမြူရေးကန်၊ ဒေသဆိတ်မွေးမြူရေးခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ ကာကီကင်းဘဲ‌ မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ Green House စိုက်ပျိုးရေးခြံနှင့် ရာသီသီးနှံစိုက်ခင်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် နဂါးမော်ဆည်သို့ သွား‌‌ရောက်ကြည့်ရှုစစ်ဆေး၍ ဆည်ရေဝင်ရေလဲ‌ကောင်းမွန်စေရေး၊ မိုးရာသီတွင် ရေပိုမို သိုလှောင်စုဆောင်းနိုင်ရန် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နယ်မြေခံရေတပ်စခန်းဌာနချုပ်ကွပ်ကဲမှုအောက်တပ်သို့ သွားရောက်ပြီး ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုခြင်း၊ ဥစားကြက်ခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ ဒေသနွားမွေးမြူရေးခြံနှင့် ဒေသဆိတ်မွေးမြူရေးခြံများအား ကြည့်ရှုစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ပင်လယ်ကမ်းခြေတစ်‌လျှောက် အုန်းပင်နှင့်ဒီရေရောက်တောများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုနှစ်မိုးရာသီတွင် ကြိုတင်စုဆောင်းထားသည့် အုန်းပင်၊ လမုပင်များနှင့် အရိပ်ရလေကာပင်များ ထပ်မံစိုက်ပျိုးနိုင်ရေး မှာကြား၍ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မဒေးဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ရောက်လျက်ရှိသည့် ရေလမ်းကြောင်းအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment