Wednesday, May 10, 2023

ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးနှင့် ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး အစည်းအဝေးများကျင်းပ

 

နေပြည်တော် မေ ၉

ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးနှင့်ဒေသအခြေပြု ကျေးလက်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေးအစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမများ၌ ကျင်းပ သည်။

ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက စံချိန်စံညွှန်းပြည့်ဝသော ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများဈေးနှုန်း သက်သာစွာ အချိန်မီဖြန့်ဖြူး ရောင်းချနိုင်ရေး အလေးထား ဆောင်ရွက်နေကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ယူရီးယား မြေဩဇာ တန်ချိန် ၁၁ ဒသမ ၂၂ သိန်းနှင့် ကွန်ပေါင်းမြေဩဇာ တန်ချိန် ၁၁ ဒသမ ၁၁ သိန်း တင်သွင်းနိုင်အောင် စိစစ်ထောက်ခံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူပိုးသတ်ဆေးများ တင်သွင်းနိုင်အောင်လည်း ထောက်ခံပေးခဲ့ကြောင်း။

လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် စပါးအပါအဝင်အခြားသီးနှံ ရှစ်မျိုးအတွက် စိုက်ပျိုးရန်လျာထားဧက ၂၂ ဒသမ ၄၈ သန်းရှိရာ ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါနှင့်ပိုတက်စုစုပေါင်း ဓာတ်မြေဩဇာတန်ချိန် ၂ ဒသမ ၈၇ သန်းခန့်နှင့်ပိုးသတ်ဆေး မက်ထရစ်တန် ၃၄၄၈၉ တန် လိုအပ်မည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တွက်ချက်တင်ပြထားပြီး မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းကယခုနှစ်မိုးရာသီ အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၈၈၅၀ တန်ကို ကနဦးခွင့်ပြုထောက်ခံပေးနိုင်ရေး ဦးဆောင်ကော်မတီသို့ တင်ပြထားကြောင်း၊ တောင်သူများလိုအပ်သည့်သွင်းအားစုများနှင့် အရင်းအနှီးများ အချိန်မီရရှိရေးပွင့်လင်းစွာဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက် ပေးသည်။

ထို့နောက် ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအကောင်အထည်ဖော်ရေး အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ကျေးလက် ဒေသ စိုက်ပျိုးထုတ်လုပ်မှု၊ စားနပ် ရိက္ခာဖူလုံမှုတို့ကို မြှင့်တင်ပေးနိုင် ခြင်း၊ အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာစေခြင်းအပြင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် ပြည့်စုံကြွယ်ဝသော၊ အားလုံးပါဝင်နိုင်သော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သောပတ်ဝန်း ကျင်ကောင်းများဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်လာစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်း၊ မြန်မာ့ Awba ကုမ္ပဏီ၊ အောင်နိုင်သစ္စာကုမ္ပဏီ၊ ယွန်းလျှံကုမ္ပဏီ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဦးစီးဌာနများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မည့် အစီ အစဉ်များရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ အစည်းအဝေးများသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေး ကုမ္ပဏီများနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment