Sunday, May 28, 2023

လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

 


နေပြည်တော် မေ ၂၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ  ဝန်းကျင်တစ်ဝိုက်တွင် မေ ၂၄ ရက် နံနက် ၃ နာရီ ၄၅ မိနစ်မှ နံနက် ၄ နာရီ အထိ တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်း ၃၀ မိုင်ခန့်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ လူနေအိမ် ၂၁ လုံး အမိုးလန်ခြင်း၊ ပြိုကျပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အုပ်စု၊ ရသေ့တောင်ကျေးရွာ၊ ရသေ့တောင်ကျောင်းသစ်ဓမ္မာရုံ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သဘာဝဘေး တုန့်ပြန်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက သဘာဝဘေး ဖြစ်ပွားမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။  ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ အား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဘေးသင့်ခဲ့သည့် နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment