မုံရွာ မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ကလေး ခရိုင်၊ ကလေးမြို့နယ်၊ အင်ဒိုင်းလေးကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ကလေးခရိုင်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တာဝန် ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်နေမှု လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ဒေသခံတောင်သူများ အတွက်စိုက်ပျိုးရန်နှင့်
ထွက်ရှိသည့်သီးနှံများအား ယာဉ်ယန္တရားများဖြင့် သယ်ယူမှုလွယ်ကူ ချောမွေ့စေမည့် ကုန်ထုတ်လမ်းတစ်လမ်းဖြစ်ပါ၍
တာဝန်ရှိသူများအနေဖြင့် လုပ်ငန်း များအပေါ် စေတနာထားဆောင်ရွက်ကြပါရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာ
တွင်စံချိန်စံညွှန်းမီ အရည် အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေး
အန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ
အင်ဒိုင်းလေးကျေးရွာ၊ ကုန်ထုတ်လမ်းသည် ဒေသခံတောင်သူများ၏ လယ်ယာ ဧက ၈၀၀ အား အကျိုးပြုမည့်
လမ်းအရှည်- ၂ မိုင်ကို အကျယ် - ၁၆ ပေ၊ ထု ၂ ပေ၊ ၉ လက်မ ကျောက်ရောမြေခင်းကာ ကုန်ထုတ်လမ်း
ဖောက်လုပ်သွားမည်ဖြစ်သည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သက္ကကျင်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်သို့
ရောက်ရှိရာကလေးခရိုင်၊ ကျေးလက်ဒေသ ဖွံ့တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက
ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ်
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား
လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ
အင်ဒိုင်းကြီးကျေးရွာ၊ ကုန်ထုတ်လမ်းသည် ဒေသခံတောင်သူများ၏ လယ်ယာဧက ၄၀၀ အားအကျိုးပြုမည့်
ကုန်ထုတ်လမ်းအရှည်- ၁ မိုင်၊ ၇ ဖာလုံကို အကျယ် - ၁၆ ပေ၊ ထု ၂ ပေ၊ ၉ မ ကျောက်ရောမြေခင်းကာ
ကုန်ထုတ်လမ်းဖောက် လုပ်သွားမည်ဖြစ်သည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်ဒိုင်းကြီးရေနုတ် မြောင်းတူးဖော်ရေး
လုပ်ငန်းခွင်သို့ရောက်ရှိရာ ကလေးမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ
လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အင်ဒိုင်းကြီး၊ သဖန်းပင်နှင့် ဖောင်ကူးရေနုတ်မြောင်းများ
စုစုပေါင်းအရှည် ၁၆၂၀၀ ပေ တူးဖော်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ
ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများပြီးစီးပါက ရေနုတ်မြောင်း ဝဲယာရှိ လယ်ယာဧက ၁၅၀၀
အား ရေလွှမ်းမိုးမှုနှင့် ရေနစ်မြုပ်မှုတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ဆက်လက်၍
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကလေးမြို့နယ်၊
အောင်မေတ္တာရပ်ကွက်ရှိ မြစ်သာမြစ်ရေတိုက်စားမှုကြောင့် ကမ်းထိန်းနံရံ ပြိုကျပျက်စီး၍
ပြန်လည်ပြုပြင်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ဦးစွာ
ကလေးမြို့နယ်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ
အောင်မေတ္တာရပ်ကွက်ရှိ မြစ်သာမြစ်ရေ တိုက်စားမှုကြောင့် ကမ်းထိန်းနံရံပြိုကျပျက်စီးမှု
အခြေအနေနှင့် ပြန်လည်တည် ဆောက်မည့် လုပ်ငန်းအစီအမံ များအား ရှင်းလင်းတင်ပြသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်သာမြစ်တိုက်စားမှုအား ကာကွယ်ရန်ဆောင်ရွက်ထားသည့်
အရှည် - ၅၇၀ ပေရှိ ကမ်းထိန်းနံရံ၏ အရှည် - ၁၇၀ ပေ ပြိုကျပျက်စီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး
ကမ်းထိန်းနံရံပြုပြင်ရေးအတွက် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)
No comments:
Post a Comment