နေပြည်တော် မေ ၇
ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကိုလေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်း အဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ
ယနေ့တွင်သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား ၆၈၀ ဦးသည် စုဖွဲ့စခန်းသွင်းလေ့ကျင့်ရန်အတွက်
မိတ္ထီလာမြို့သို့နယ်မြေအသီးသီးမှ တပ်မတော်လေယာဉ်များဖြင့်ထွက်ခွာကြရာ သက်ဆိုင်ရာတိုင်းမှူးများနှင့်
တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ ထို့ပြင် သင်တန်းစခန်းအသီးသီး၌
လေ့ကျင့်သင်ကြား ပို့ချနေချိန်များတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက
သွားရောက်ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ
မိတ္ထီလာမြို့သို့ရောက်ရှိလာသည့် သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား
လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊ RC လေယာဉ်၊ ရဟတ်ယာဉ်၊ Drone မောင်းနှင်ခြင်း၊ လေ့လာရေး
ခရီးစဉ်များသွားရောက်ခြင်းများနှင့် ပြိုင်ပွဲများကျင်းပခြင်းများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment