Saturday, May 20, 2023

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသိပညာမျှဝေရေးအစီအစဉ် သောကြာနေ့ စကားဝိုင်း အမှတ်စဉ် (၁၃) ကျင်းပ

 


နေပြည်တော် မေ ၁၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Programme - KSP) သောကြာနေ့ စကားဝိုင်း၏ အမှတ်စဉ်(၁၃)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံး အမှတ်(၁)၌ ကျင်းပသည်။

မြန်ဆန်စွာမျှဝေစေရေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဤအစီအစဉ်၏ ဆွေးနွေးချက်များဖြစ်သော ဝန်ထမ်းများအကြား ထိတွေ့ ဆက်နွှယ်ပေးနိုင်ရေး၊ လုပ်ငန်းတွင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းရေး၊ အသိပညာဖြန့်ဝေမှု တိုးတက်မြင့်မားလာစေရေး၊ တစ်ဦး၏ အသိပညာဗဟုသုတများကို တစ်ဦးမှတစ်ဦး မြန်ဆန်စွာမျှဝေရရှိစေရေး၊ ဝန်ထမ်းများ၏ ဖန်တီးနိုင်စွမ်းနှင့် အသိပညာတိုးတက်မှုကို လှုံ့ဆော်အားပေး နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သည့် ဆောင်ရွက်မှု နည်းလမ်းများကို သိမြင်ရရှိစေရေးတို့အပြင် အွန်လိုင်းစနစ်ဖြင့်ပါ ကျင်းပပေးနိုင်မှုကြောင့် ဝေးလံဒေသမှ ဝန်ထမ်းများပါ ပါဝင် နိုင်သော အခွင့်အရေးရရှိစေသည့် အသိပညာမျှဝေခြင်း အစီအစဉ်များ ပြုလုပ်ပေးနေခြင်းဖြစ်ပါကြောင်း။

ပူးပေါင်းဆောင်ရွက်

အစီအစဉ်၏ အကျိုးရလဒ်အဖြစ် ယခုလို ထိတွေ့မှုများမှလိုအပ်ချက်များကို ဖော်ထုတ်လာနိုင်၍ ထိရောက်ကောင်းမွန်သောနည်းလမ်းများရရှိခြင်းဖြင့် မိမိတို့ဝန်ကြီးဌာနအတွင်း အစဉ်လေ့လာ သင်ယူနေသည့် အသိုင်းအဝိုင်းတစ်ရပ် (Learning Environment Community) ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပေါင်းကူးတံတားသဖွယ် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအောက်တွင် တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေကြသော ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနအချင်းချင်းလုပ်ငန်း တာဝန်များတွင် ဆက်နွှယ်မှုရှိသောလုပ်ငန်းများကို ပိုမိုထိရောက်စွာ ပူပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က “အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆက်စပ်မှု” ခေါင်းစဉ် ဖြင့် အသေးစိတ်ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများ Online အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment