Monday, May 15, 2023

ဒုတိယဝန်ကြီး ဦးရဲတင့် ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ခိုလှုံနေသည့် အိမ်ထောင်စုများအား ထောက်ပံ့

 


နေပြည်တော် မေ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ကျိန္တလီမြို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးသို့ရောက်ရှိပြီး ရုံးနောက်ဘက်ခြမ်းမှ တောင်ပြိုကျသဖြင့် ရေမြောင်းပျက်စီးနေမှုနှင့် မြေကြီးများ ပိတ်ဆို့နေခြင်းကို ကြည့်ရှု စစ်ဆေးကာ လတ်တလော ရေစီးရေလာ ကောင်းစေရန်နှင့် မြေပြိုကျမှုကြောင့် ရုံးအဆောက်အအုံကို မထိခိုက်စေရေး သက်ဆိုင်ရာအင်ဂျင်နီယာနှင့် ပြသ၍ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး ရုံးချုပ်သို့တင်ပြရန်နှင့် ဝန်ထမ်းရေးရာကိစ္စများ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြို့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့ဦးတောင်ပေါ်ကျောင်းတိုက် ဆရာတော် ဉူးပညာသီရိအားဖူးမြော်ပြီး ကျောင်းတိုက်တွင် မြို့အစီအစဉ်အရ မုန်တိုင်းအန္တရာယ်ခိုလှုံရန် ရောက်ရှိနေသော မြို့မရပ်ကွက်နှင့် အလယ်ရွာပင်လယ်ကမ်းခြေတွင် နေထိုင်သည့် အိမ်ထောင်စု ၄၆ စုမှ လူဦးရေ ၁၈၇ ဦးတို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ပေးအပ်လှူဒါန်းသည်။

ဂွမြို့တွင် ဘုန်းတော်ကြီး ကျောင်းသုံးကျောင်းနှင့် အလယ်ရွာ အခြေခံပညာအလယ်တန်းကျောင်းတို့၌ မုန်တိုင်းဘေး အန္တရာယ်ကြိုတင်ခိုလှုံရာ စခန်းလေးခုတွင် ဂွမြို့ရပ်ကွက်များနှင့် အနီးအနားကျေးရွာများမှ ပင်လယ်ကမ်းစပ်နေ မိသားစု ၈၃ စု၊ လူဦးရေ ၃၃၈ ဦး လာရောက်ခိုလှုံလျက်ရှိပြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့်ထောက်ပံ့မှုများနှင့် မြို့ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment