ပျဉ်းမနား မေ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာကန် သဲနုန်းများ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ကန်အတွင်းရှိ သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်
ဦးတင်ဦးလွင်နှင့် အဖွဲ့သည် မင်္ဂလာကန်သို့ရောက်ရှိရာ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာန တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က မင်္ဂလာကန်အတွင်း ရေစုကန်တူးဖော်ခြင်းနှင့်
ရေခေါ်မြောင်းဖောက်လုပ်ခြင်း၊ ကန်အား နေပူလှန်း၍ ခြောက်သွေ့ အောင်ထားခြင်း၊ နုန်းများအား
တူးဖော်၍ စုပုံခြင်း၊ စုပုံထားသောမြေများကို ခြောက်သွေ့အောင် ထားခြင်းနှင့် သယ်ဆောင်စွန့်ပစ်ခြင်း
စသည့်လုပ်ငန်းစဉ်များကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က မင်္ဂလာကန် ပြန်လည်သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာများနှင့်
မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊
အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)
No comments:
Post a Comment