ရှမ်းပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ အတွင်း ရေးမှူးနှင့် တာဝန်ရှိသူတိုသည် မေ(၂)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး သင်တန်းစခန်းအခြေခံ လေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဥ်(၁/၂၀၂၃) သင်တန်း ဖွင့်လှစ်ပိုချနေမှုကို သွားရောက်ကြည့်ရှုရာ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်းဘင်ခရာတပ်ဖွဲမှ ကြိုဆိုဂုဏ်ပြုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘင်ခရာတပ်ဖွဲနှင့် နည်းပြများကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးသင်တန်းစခန်းတွင် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဥ်(၁/၂၀၂၃)သင်တန်းပိုချနေမှုကို ကြည့်ရှုအားပေးပြီး သင်တန်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သူများကို အားပေးစကားပြောကြားရာ လေ ကြောင်း သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများ မိမိဖြစ်ချင်သည့် ရည်မှန်းချက်အတိုင်း ကြိုးစားကြရန်နှင့် လိုအပ်သည်များရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲမှ သင်တန်းတက်ရောက်နေသော သင်တန်းသား၊သင်တန်းသူနှင့် နည်းပြဆရာ၊ အုပ်ချုပ်သူဆရာမများအား ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူနှင့် နည်းပြဆရာအုပ်ချုပ်သူဆရာမတိုမှ လက်ခံရယူကြပြီး လေကြောင်းလူငယ်သင်တန်းများတွင် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်တွင် အသုံးပြုလျက်ရှိသော လေယာဥ်ရဟတ်ယာဥ်များပြခန်းအား ကြည့်ရှုကြကြောင်း သိရသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးတက်ရောက်၍ သင်တန်းကို ဧပြီလ(၂၄)ရက်မှ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
၎င်းနောက် စဝ်စံထွန်းဆေးရုံကြီး၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အထိမ်းအမှတ် မီးသတ် တပ်ဖွဲဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကား ပြောကြားပြီး စားစရာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်က စဝ်စံထွန်းဆေးရုံတွင် သွေးလှူဒါန်းမှုကို ဆောင်ရွက်ပေးကြသောဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ တာဝန် ရှိသူများမှ လက်ခံရယူပြီး စဝ်စံထွန်းဆေးရုံအုပ်ကြီးမှရှမ်းပြည်နယ်မီးသတ်တပ်ဖွဲပြည်နယ်မှူးအား ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့အထိမ်းအမှတ်တွင် ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲဝင် (၅၈)ဦးမှ သွေးလှူဒါန်းကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ်အစိုးရအဖွဲက ကြီးမှူးကျင်းပသော အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ဘင်ခရာသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ပြည်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အဖွင့်အမှာစကားပြောကြားပြီး ဘင်ခရာထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးတိုမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲသည် အမှတ်(၄)၊ အမှတ်(၇) အခြေခံပညာ အထက်တန် းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ဘင်ခရာတီး ခတ်ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)
No comments:
Post a Comment