Friday, April 14, 2023

PDF အမည်ခံအကြမ်းဖက်သမားများက လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားဝင်းအရှေ့ ပန်းခြံအနီးတွင် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦးသေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိ

 

နေပြည်တော် ဧပြီ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့ ရပ်ကွက်(၁)၊ မြို့အဝင်မုခ်ဦးအနီး ရန်တိုင်းအောင်ဘုရား ဝင်းအရှေ့ပန်းခြံအနီးရှိ ကားများရပ်နားထားသည့်နေရာ၌ ယနေ့နံနက်ပိုင်းကPDFအမည်ခံအကြမ်း ဖက်သမားများက လက်လုပ်ဗုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။









ဖြစ်စဉ်မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့အခါသမယတွင် ဒေသခံဘုရားဖူးပြည်သူများနှင့် ပန်းခြံ သို့ လာရောက်လည်ပတ်သူများ စည်ကား သိုက်မြိုက်လျက်ရှိသည့် လားရှိုးမြို့ရပ်ကွက်(၁) မြို့အဝင် မုခ်ဦးအနီး ရန်တိုင်းအောင်ဘုရား ဝင်းအရှေ့ပန်းခြံအနီးရှိ ကားများ ရပ်နားထားသည့်နေရာ၌ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် Honda Fit အနီရောင်ယာဉ်ပေါ်မှ PDF အမည်ခံ အကြမ်းဖက်သမား များထောင်ထားသည့် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ၏ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူ လေးဦးသေဆုံးခဲ့ပြီးအသက် သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိ ကြောင်းနှင့်ယခုကဲ့သို့မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ နှစ်သစ်ကူး အကြိုအခါသမယတွင် ဘုရားဖူးဒေသခံပြည်သူများနှင့် ပန်းခြံသို့လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့်နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment