Saturday, April 22, 2023

ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း Honorable Albert F.Del Rosario ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

 


ရန်ကုန် ဧပြီ ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂၁) ဖိုးစိန်လမ်းမကြီးရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံသံရုံး ၌ ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်တွင် ကွယ်လွန်သွားသည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း Honorable Albert F. Del Rosario အတွက် ဖွင့်လှစ် ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ သွားရောက်လက်မှတ်ရေးထိုးသည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်းသည် ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး အသက် (၈၃)နှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment