Wednesday, April 19, 2023

ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာအသုံးချနိုင်ရန် တိုင်းစစ်ဌာနချုပ်အသီးသီး၌ နွေရာသီသင်တန်းများ ဖွင့်လှစ်


 

နေပြည်တော် ဧပြီ ၁၈

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလများတွင်အားလပ်ချိန် ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဘာသာ၊ သာသနာကိုတန်ဖိုးထားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့အသုံးချဘာသာရပ်များနှင့်အတူဗဟု သုတရစေပြီးမြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်ကျင့်စဉ်များကို ပိုမို နက်ရှိုင်းစွာ နားလည်စေရန်နှင့် အသိပညာ၊ အတတ်ပညာဗဟု သုတများတိုးပွားစေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ ယနေ့တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင် ခန်းမ၌ အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲကိုလည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများဖွင့်ပွဲကို လည်းကောင်း ပြုလုပ်ကြသည်။

သင်တန်းဖွင့်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက် ကြသည်။ ဖွင့်ပွဲများတွင် တိုင်းမှူးများက သင်တန်းဖွင့်အမှာစကား များပြောကြားကြပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်အသီးသီးရှိကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌လည်း တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment