၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ သံတမန် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သံတမန်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ခြံဝင်းရှိ မြက်ခင်းပြင်၌ ကျင်းပသည်၊၊
မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဇနီး၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့်၎င်းတို့၏ မိသားစုဝင်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးချုပ်ရုံးများမှ ကိုယ်စားလှယ်များနှင့် ပြည်ပစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၏ မိသားစုဝင်များ တက်ရောက်ကြသည်၊၊
အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားနှင့် နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြားသည်၊၊
ထို့နောက် မြန်မာ့ရိုးရာ ရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲကြသူများကို မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည်၊၊
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်ဇနီး တက်ရောက်လာကြသည့် သံတမန်များနှင့် ဧည့်သည်တော်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ လှပျိုဖြူများက သင်္ကြန်ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီးပျော်ရွှင်စွာ စုပေါင်းရေကစားခဲ့ကြကြောင်း သိရသည်၊၊
သတင်းစဉ်
No comments:
Post a Comment