Thursday, April 6, 2023

မြန်မာသမိုင်းအဖွဲ့ ပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆွေးနွေး

 


ရန်ကုန်    ဧပြီ    

မြန်မာသမိုင်းအဖွဲ့ ပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ရက်က ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်းသုတေသနဌာန (ရန်ကုန်) ပညာ ဆောင်၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံနှင့် မြန်မာသမိုင်းအဖွဲ့ ပညာရှင်ဆရာကြီးများ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံက နှုတ်ခွန်းဆက် စကားပြောကြားပြီး ပညာရှင်ဆရာကြီးများက ၎င်းတို့ပြုစုရေးသားသော စာအုပ်များ၏ အခြေအနေ နှင့် လိုအပ်ချက်များကို ရှင်းလင်းခြင်း၊ မျိုးဆက်သစ်များအတွက် မြန်မာသမိုင်းအဖွဲ့ ပညာရှင်များနှင့် ဌာနမှ ပညာရှင်များပူးပေါင်း၍ သုတေသနနည်းပညာ (Research Methotology) သင်တန်း၏ ကာလတို သင်ခန်းစာပို့ချရန်အတွက် စီမံချက်ရေးဆွဲမှုကို ဆွေးနွေးခြင်း၊ နိုင်ငံရပ်ခြားတိုင်းပြည်များမှ သမိုင်းသုတေသန၏ စာကြည့်တိုက်နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တို့ Book Exchange အစီ အစဉ်ဆောင်ရွက်ရာ၌ အဆင်ပြေစေရန် Diplomatic Channel ဖြင့် ဆောင်ရွက်၍ နိုင်ငံတကာနှင့် ဆက်သွယ်သွားမည့်နည်းလမ်းများကို ဆွေးနွေးခြင်းနှင့် မြန်မာသမိုင်းအဖွဲ့ ပညာရှင်များနှင့်   လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဌာနတွင်းရှိ ပညာရှင်ဆရာကြီးများ၏ အခန်း၊ Microfilm ထားသို မှုအခြေအနေ၊ မော်ကွန်းအထောက်အထားများ ထားရှိသည့်အခန်း၊ စာကြည့်တိုက်နှင့် သုတေသန အခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန် ဌာနခွဲသို့ရောက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ အပျိုဆောင်/လူပျိုဆောင် အထွေထွေမွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း၊ မြေညီထပ်အစည်းအဝေးခန်းမ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ ရန်ကုန်ဌာနခွဲရှိ ခြောက်လက်မအဝီစိတွင်းနှင့် Ground Tank ဆောင်ရွက်ခြင်းလုပ်ငန်း၊ ရန်ကုန်ဌာနခွဲရှိ ထရန်စဖော်မာကို ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကာ ဒုတိယဝန်ကြီးသည် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်

No comments:

Post a Comment