နေပြည်တော် ဧပြီ ၂၂
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၂၆၀ တို့ကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း ဆေးကုသ ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၈ ဦးတို့က သွားဖာခြင်း၊ သွားနှုတ်ခြင်းနှင့် သွားနှင့်ခံတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ကုသပေးသည်။
သွားနှင့်ခံတွင်း
ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြသည့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစု ဝင်များကို
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်ဦးခိုင်ထွန်းဦးနှင့်ဇနီး၊
ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
ရဲအရာရှိကြီးများက ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှနယ်လှည့်ကွင်းဆင်း
ဆေးကုသရေးအဖွဲ့ကို ဒုတိယဝန်ကြီးများက ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment