နေပြည်တော် ဧပြီ ၂၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကကျင်းပသော ဒုတိယအကြိမ် သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့်
သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင်
ဒုတိယဝန်ကြီးဦးအေးထွန်းက ယခုဒုတိယအကြိမ်ဖွင့်လှစ်သည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာယဉ်ကျေးလိမ္မာသင်တန်းတွင်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သားငယ် သမီးငယ် ၅၅ ဦးနှင့်
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သားငယ် သမီးငယ် ၁၅ ဦး စုစုပေါင်း
၇၀ တို့ တက်ရောက်သင်ကြားကြမည် ဖြစ်ပါကြောင်း။
သင်တန်းဖွင့်လှစ်ရခြင်း၏
အဓိကရည်ရွယ်ချက် များမှာ (၁) အပြစ်လည်းရှိ၊ ဆိုးကျိုးလည်းပေးတတ် သည့် မကောင်းမှုအကုသိုလ်များကို
မပြောမိ၊ မလုပ်မိအောင် ရှောင်ကြဉ်တတ်ရန်၊ (၂)အပြစ်လည်းကင်း၊ ကောင်းကျိုးလည်း ပေးတတ်သည့်
ကုသိုလ်ကောင်းမှုများကိုမည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည်ကို သင်ကြားပေးရန်၊ (၃) အကြားအမြင်ဗဟုသုတနှင့်
ပြည့်စုံသူများဖြစ်ရန်နှင့် (၄) ကိုယ်ကျင့်တရား ကောင်းသည့် သားကောင်း သမီးမွန်လေးများ
ဖြစ်စေရန်ပင် ဖြစ်ပါကြောင်း။
ယနေ့ဖွင့်လှစ်သည့်
သင်တန်းသို့တက်ရောက်ပြီး ဆရာများကပို့ချသင်ကြားပေးလိုက်သည့် သင်ခန်းစာများကို သေသေချာချာနားထောင်မှတ်သားထားမည်ဆိုလျှင်
သားတို့၊ သမီးတို့သည် “အကြားအမြင် ဗဟုသုတ”အသိအလိမ္မာနှင့် ပြည့်စုံ သည့်သူများ
ဖြစ်သွားနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများအား
လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။ အဆိုပါ သင်တန်းကို ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်
ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment