Thursday, April 13, 2023

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများပြုလုပ်

 

နေပြည်တော် ဧပြီ ၁၃

မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ် သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ယနေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။















ထိုသို့ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ ကျိုင်းတုံမြို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် မဟာအတာသင်္ကြန် ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ မန္တလေးမြို့ရှိ ဈေးချိုသူမဏ္ဍပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ် တို့၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရေကစားမဏ္ဍပ်၌ လည်းကောင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံရှေ့ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မဟာသင်္ကြန်မဏ္ဍပ်တို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင် မဏ္ဍပ်၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်နှင့် လားရှိုးမြို့ရှိမဟာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ် တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည်ရေကစား မဏ္ဍပ်၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌ လည်းကောင်း အသီးသီးပြုလုပ်ကြပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment