နေပြည်တော် ဧပြီ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မကွေးမြို့၊ သံဃာရာမကျောင်းတိုက်မှ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တစိန္တသာရ ဦးဆောင်လျက်ပင့်ဖိတ်ထားသော ဆရာတော်၊သံဃာတော်စုစုပေါင်း သံဃာ(၁၀၀)ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာဖူးမြှော်ကြည်ညိုကြ သည်။
ဦးစွာ ရှင်းလင်းဆောင်၌ ဆရာတော်၊ သံဃာတော်ကြီးများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့်ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာ ချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပ စေရေးအတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကိုရှင်းလင်း လျှောက်ထားသည်။
ထို့နောက်ပင့်ဖိတ်ထားသော
ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊
ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု
အခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက်
ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်
တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်ကြီးများထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment