Tuesday, April 4, 2023

တရားမအထူးအယူခံမှု (၄) မှု စီရင်ချက်ချမှတ် တရားမအထူးအယူခံမှု (၄) မှု ရုံးထိုင်ကြားနာ

နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးခန်းအမှတ် (၁) ၌ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၀/၂၀၂၂ (မန္တလေး)၊ ၄၇/၂၀၂၀ (စစ်ကိုင်း)၊ ၄၈/၂၀၂၀ (စစ်ကိုင်း)နှင့် ၄၉/၂၀၂၀ (စစ်ကိုင်း) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၆/၂၀၂၁ (ပဲခူး)၊ ၂၇/၂၀၂၂ (ပဲခူး)၊ ၄၄/၂၀၂၂ (ကချင်) နှင့် ၅၆/၂၀၂၂ (ဧရာဝတီ) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment