Friday, April 14, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော် ဧပြီ ၁၄

မြန်မာသက္ကရာဇ် (၁၃၈၄-၁၃၈၅) ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။








ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ်မိသားစု ချယ်ရီသစ္စာ ပိတောက်ဝါ အတာရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြသည့် ဗိုလ်လောင်းများနှင့် စစ်တက္ကသိုလ်မှ အရာရှိကြီးများအား အတာရေများ ပက်ဖျန်းကြကြောင်းနှင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ ချယ်ရီမေ အတာရေသဘင်မဏ္ဍပ်၊ နွေဦးကဗျာ ပိတောက်ဝါ အတာရေသဘင်မဏ္ဍပ်နှင့် ပိတောက်ဧကရီ အတာရေသဘင်မဏ္ဍပ်တို့သို့ ရောက်ရှိကြပြီး တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုသင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား အတာရေများ ပက်ဖြန်းပေးခဲ့ကြကြောင်းနှင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့်အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြပြီး သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment