နေပြည်တော် ဧပြီ ၁၆
မြန်မာသက္ကရာဇ် (၁၃၈၄-၁၃၈၅) ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ မန္တလေးတပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းမြို့သူမိသားစုအတာရေ သဘင်မဏ္ဍပ်သို့ရောက်ရှိကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဇနီး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များအားအတာရေများ ပက်ဖျန်းကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် မန္တလေးတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၏ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment