Sunday, April 2, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

 



နေပြည်တော် ဧပြီ ၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပသော သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA) တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မင်္ဂလသုတ္တန်တွင် သုံးဆယ့်ရှစ်ပါးသော မင်္ဂလာ မည်သည့်အကြောင်းအရာများကို တိကျစွာထည့်သွင်းဟောကြားခဲ့ကြောင်း၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ တရားတော်ထဲတွင် အကြောင်းအရာအားဖြင့် ၁၀ ခုကို အသေးစိတ်ထည့်သွင်းဟောကြားခဲ့ပြီး ဆက်ဆံရေးနှင့်ပတ်သက်သည့် မင်္ဂလာသုံးပါး၊ နေထိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာသုံးပါး၊ ပညာရေးနှင့် ပတ်သက်သည့် မင်္ဂလာလေးပါး၊ပြုစုစောင့်ရှောက်ရေးနှင့်ပတ်သက်သည့် မင်္ဂလာသုံးပါး၊ လိုက်နာကျင့်သုံးရေးနှင့် ပတ်သက်သည့် မင်္ဂလာလေးပါး၊ ရှောင်ကြဉ်ရေးနှင့်ပတ်သက်သည့် မင်္ဂလာလေးပါး၊ စိတ်ထားရေးနှင့်ပတ်သက်သည့် မင်္ဂလာငါးပါး၊ သည်းခံရေးနှင့်ပတ်သက်သည့် မင်္ဂလာ လေးပါး၊ ခြိုးခြံရေးနှင့်ပတ်သက်သည့် မင်္ဂလာလေးပါး၊ စိတ်ထားကြံ့ခိုင်ရေးနှင့် ပတ်သက်သည့် မင်္ဂလာလေးပါးတို့ဖြစ်ကြောင်း။

မင်္ဂလသုတ္တန် တရားတော် ကို အသုံးချနိုင်ရန် အရေးကြီး ကြောင်း၊ လောကီမင်္ဂလာတရား တော်များထဲမှအသေဝနာစဗာလာနံလူမိုက်ကို မမှီဝဲ၊ မပေါင်း သင်းဘဲ မိမိကိုယ်ကို အသိနှင့်သတိရှိပြီး မပြုလုပ်မပြုသင့်သည်များကို ရှောင်ကြဉ်ကြရန်နှင့် အလေးထားဆောင်ရွက်ရန် အကြံပြု တိုက်တွန်းလိုကြောင်း၊ ပညာရှိကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊ သင့်တင့် လျောက်ပတ်သည့် အရပ်ဒေသတွင် နေထိုင်ခြင်း အစပြုသည့် မင်္ဂလာတရားတော်များကို လိုက်နာကျင့်သုံးကြရန် အကြံပြုတိုက်တွန်းလိုကြောင်း။

သင်တန်းတွင် ဗုဒ္ဓဝင်နှင့်ပြည်သူ့နီတိလည်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ ပြည်သူ့နီတိ ဆိုသည်မှာ ဆက်ဆံရမည့်သူ၊ နေရာဒေသနှင့် အချိန်အခါများ အပေါ်မူတည်၍ ကျင့်သုံးရမည့် လူမှုစည်းမျဉ်း၊ ကျင့်ဝတ်များဖြစ်ပြီး ပြည်သူ့နီတိကို လိုက်နာကျင့်သုံးလျှင် လိမ္မာယဉ်ကျေးသော လူငယ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်းနာယက (အထက် မြန်မာပြည်) ဦးစိုးနိုင်က အလှူငွေ ကျပ်သိန်း ၅၀၊ ကျောက်စိမ်း ပုတီးအကုံး ၅၀၀ နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဂုဏ်ထူးဆောင် နာယက ဦးစိုးသိန်းနှင့်ဇနီး ဒေါ်ခင်ချိုအုန်းက အလှူငွေကျပ် သိန်း ၃၀ တို့ကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။

အဆိုပါသင်တန်းကို ရက်သတ္တပတ်တစ်ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment