Friday, April 7, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ

 


နေပြည်တော် ဧပြီ ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ် (၁/ ၂၀၂၃)နှင့် ဦးစီးအရာရှိ (အင်ဂျင်နီယာ)များ မွမ်းမံသင်တန်းအမှတ် စဉ် (၁/၂၀၂၃) တို့၏ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည် တော် ဗဟိုသင်တန်းကျောင်း၌ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီးဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ယနေ့ခေတ်တွင် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများရရှိရေးသည်မရှိမဖြစ် အလေးထားဆောင်ရွက် ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ အသိ ပညာ၊ အတတ်ပညာ တိုးပွားစေရန်အရည်အချင်းမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်း၊ အဖွဲ့အစည်း များအလိုက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှု (Human Reso-urces Development - HRD)သည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ပြီးခဲ့သည့် သင်တန်း သားများအနေဖြင့်လည်း သင်တန်းကသင်ကြားပေးခဲ့သည့် ဘာသာရပ်များနှင့် ယခင်ရှိပြီးသောလုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများပေါင်းစပ်၍ ရှာဖွေစုဆောင်း လေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ်ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှုစသည့် အရည်အချင်းများနှင့်အတူ ကျွမ်းကျင်မှုအရည် အသွေးကောင်းများကို ပိုင်ဆိုင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အသုံးချ၍လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ၏ ထူးချွန်ဆု များနှင့် သင်တန်းဆင်းလက်မှတ် များကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီးက ဦးစီးအရာရှိ(အင်ဂျင်နီ ယာ)များ မွမ်းမံသင်တန်း အမှတ် စဉ် (၁/၂၀၂၃) ၏ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်းသင်တန်းသားများထံ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment