မုံရွာ ဧပြီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်း အပတ်စဉ် ၂၉ သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ်သင်တန်း သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ သူနာပြု-သားဖွားသင်တန်းကျောင်း ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာသူနာပြု-သားဖွား သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူအားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်း ကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊
ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်အောင် ယခုအချိန်မှစ၍ သင်ခန်းစာများအား စာတွေ့လက်တွေ့
စဉ်ဆက်မပြတ်ဆည်းပူး လေ့လာ သွားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး
အစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းသား၊သင်တန်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားခွင့်
ရရှိအောင်လိုအပ်သည့် ပံ့ပိုးမှုများအား စဉ်ဆက်မပျက်ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊
သူနာပြုနှင့်သားဖွား ပညာရပ်ဆိုင်ရာ ကျင့်ဝတ်သိက္ခာများအားတန်ဘိုးထား၍ ပြည်သူလူထုအား
အရည်အသွေး ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုအား မဆုတ်မနစ် အပြည့်အဝဆောင်ရွက်ပေးမည့်
ကျန်းမာရေးလူ့စွမ်းအားစုများဖြစ်သည့် သူနာပြုနှင့်သားဖွား သင်တန်းသား/သူများအား လိုအပ်
ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်နှင့် လိုအပ်ချက်ပြည့်မှီအောင်
နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊
ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် သင်တန်းသား၊ သင်တန်းများ အနေဖြင့် အရည်အသွေး၊ အဆင့်အတန်းပြောင်းလဲတိုးတက်လာစေရန်
တစ်ဦးနှင့်တစ်ဦး လေးစားစွာဆက်ဆံပြီး ပြည်သူနှင့်လူနာများ၏အသံ အကြံပြုချက်များအား အထူးဂရုစိုက်
အလေးထားပြီး လူတိုင်း လက်လှမ်းမှီသည့် ကျန်းမာရေးအားစောင့်ရှောက်မှုပေးနိုင်မည့်သူများ
ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ၅၇ ဦးအတွက် တစ်ဦးလျှင် ၅ သောင်းကျပ်နှုန်းဖြင့်
ငွေကျပ် ၂၈၅၀၀၀၀ (နှစ်ဆယ့်ရှစ်သိန်းငါးသောင်း)ကျပ်အား ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ပြီး
ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်ပြီး
မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူ များမှ တေးသီချင်းများဖြင့်
ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အကအဖွဲ့များအတွက်
ငွေကျပ် ၅ သိန်းအားပေးအပ်ချီးမြှင့်ကာ သင်တန်း သား၊ သင်တန်းသူများ ကိုယ်စား ပထမနှစ်သင်တန်းသူ
မမို့သူဇာက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက် လာသူများနှင့်
သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားကို
ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊
ပြန်/ဆက်။
No comments:
Post a Comment