Monday, April 24, 2023

ပုဗ္ဗသီရိ​မြို့နယ်အတွင်းရှိ စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ခင်းသို့ စိုက်ပျိုး​ရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး လာရောက်ကြည့်ရှု

 


ပုဗ္ဗသီရိ ဧပြီ ၂၄

ပုဗ္ဗသီရိ​မြို့နယ် ဘဲကုန်းကျေးရွာအုပ်စု စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ခင်းသို့ စိုက် ပျိုး​ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ကြီးမှ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ပင်လောင်းလမ်းမကြီးဘေး ကွင်းအမှတ် ၁၆၂၃ ကွင်းရှိ စပ်မျိုးနေကြာစံပြစိုက်ခင်းသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင်နှင့် ဝန်ထမ်းများက စပ်မျိုးနေကြာ ခုနှစ်မျိုး၏ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ဧက ၅ ဧက စိုက်ပျိုးထားရှိမှုအား လာရောက်လေ့လာရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်မှ လိုက်လံရှင်းလင်း ပြသခဲ့​ပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)

No comments:

Post a Comment