Wednesday, April 5, 2023

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တည်နေရာများအား ကြည့်ရှုစစ်ဆေး

 



ဇေယျာသီရိ ဧပြီ ၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နေပြည်တော် ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်း တည်နေရာများအား ယနေ့ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တည်နေရာများအား စစ်ဆေးခဲ့ရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။ 

ထို့နောက် ရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ချုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းရန်နှင့်  အမှိုက်သရိုက်များ စနစ်တကျစွန့်ပြစ်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)

No comments:

Post a Comment